ကျွန်တော်လက်ရှိတွေ့ကြုံရသလောက်ပြောပြရရင် မြန်မာနိုင်ငံက လူတွေရဲ့အခက်ခဲတော်တော်များများငွေရေးကြေးရေးကအဓိကပဲ ငွေမရှိရင်ပူပန်စရာတွေများပြီး အခက်ခဲအကြပ်တည်းတွေများတယ်၊ တကယ်ကိုနှဖူးတွေ့ဒူးတွေ့ အခက်ခဲတွေရင်ဆိုင်ရလာရင် ဟိုလူ့အကူညီ ဒီလူ့အကူညီ ပြေးယူရတော့မယ်၊ ကိုယ်အကူညီတောင်းတဲ့လူကလည်း နင်လားငါလားတွေဖြစ်နေရင်တော့ ဒုက္ခနဲ့လှလှနဲ့တွေ့မှာပါပဲ။
တစ်ခါတစ်လေ ပတ်၀န်းကျင်က မကူညီနိုင်တာကလည်း ဆန်းတော့မဆန်းဘူး၊ ဒီကလူတွေအကုန်လုံးကိုကြည့်ရင် အားလုံးကရုန်းကန်နေကြရတာပဲ။
ကျွန်တော်ဒီနေရာမှာပြောချင်တဲ့ point က ကိုယ်ကိုယ်တိုင်ကြိုးစားထား ၀င်ငွေရအောင် အမြဲတမ်းအလုပ်တစ်ခုခုတော့လုပ်နေ၊ အလုပ်မလုပ်နေရင်တောင် တိုးတက်ရာတိုးတက်ကြောင်း သင်တန်းတွေတက်ပြီး ဆက်ပြီး improve ဖြစ်နေဖို့လိုတယ်။
ဒါဟာမိမိကိုယ်တိုင်သာမကပဲ ပတ်၀န်းကျင်တစ်ခုလုံးကိုပြောင်းလဲစေလိမ့်မယ်။ တစ်ဦးတစ်ယောက်တည်းကြိုးစားရမှာ မဟုတ်ဘူး၊ သက်ရှိထင်ရှားရှိနေသမျှလူအားလုံးက အမြဲအလုပ်လုပ်ပြီး ကြိုးစားနေကြရမှာဖြစ်တယ်။ ဒါဟာ democratic လှုပ်ရှားမှုတွေရဲ့တစ်စိပ်တစ်ပိုင်းဖြစ်တယ်။
အချုပ်အားဖြင့် မပျင်းပါနဲ့၊ အလုပ်တစ်ခုခုလုပ်ပြီး တိုးတက်ရာတိုးတက်ကြောင်းတွေ ဆက်လေ့လာနေပါ။ ကိုယ်လိုသူလို တိုးတက်နေတဲ့ သူတွေစုမိပြီး သက်ဆိုင်ရာနယ်ပယ်မှာ အကျိုးစီးပွားအတူတကွရှာကြရင် တရုတ်ထက်လည်းတော်လိမ့်မယ်။ စင်္ကာပူ ထက်လည်းသာလာပါလိမ့်မယ်။ တစ်ခုရှိတာအခြေခံလူကျင့်၀တ်နဲ့ လူသားဆန်တဲ့စိတ်တာ့ရှိပါစေ။