# remote: Repository not found.

Github ရဲ့ repository တစ်ခုကို window command prompt (cmd) ကနေ clone လုပ်တဲ့ခါမှာအောက်ပါအတိုင်း error တက်တဲ့အခါမှာ‌ဖြေရှင်းရမယ့် နည်းလမ်းတွေရှိပါတယ်။

![](https://cdn.hashnode.com/res/hashnode/image/upload/v1679748126547/0925a49e-063f-4848-b919-c7b78f1c3450.jpeg align="center")

ပုံပါ error တက်ရတဲ့အကြောင်းကတော့ window credentials manager ထဲမှာ git or github နဲ့ဆိုင်တဲ့ information တွေမှားနေတာကြောင့်ဖြစ်နိုင်ပါတယ်။ အကယ်၍ဒီ error တက်ခဲ့မယ်ဆိုရင် credentials manager ထဲသွားပြီး git နဲ့ဆိုင်တဲ့ information တွေ remove လုပ်ပေးလိုအပ်ပါတယ်။ Step 1 အနေနဲ့ start menu ကိုနှိပ်ပြီးတော့ Credential Manager ထဲကိုဝင်ပါ။

![](https://cdn.hashnode.com/res/hashnode/image/upload/v1679748434937/8857a7a1-2c62-44a3-9c9c-1c73a4f349a6.png align="center")

Step 2 အနေနဲ့ Credential Manager ထဲမှာ Window Credentials ထဲကိုဝင်ပါ။

![](https://cdn.hashnode.com/res/hashnode/image/upload/v1679748810847/0d527d7d-2eeb-4adc-bba0-742973590a94.png align="center")

Step 3 အနေနဲ့ generic credentials အောက်က git:https://github.com ဆိုတာကိုနှိပ်ပြီး remove လုပ်လိုက်ပါ။ သို့ပေမယ့် ဒီနေရာမှာ git နဲ့ဆိုင်တာနှစ်ခုရှိနေတာကိုတွေ့ရမှာပါ။ ကျွန်တော့်အနေနဲ့ bitbucket ကိုမသုံးပဲ github ကိုသုံးထားတဲ့အတွက် github နဲ့ဆိုင်တာကိုပဲ remove လုပ်လိုက်ပါမယ်။ ဒါဆိုရင်တော့ ကျွန်တော်တို့ clone လုပ်လိုတဲ့ repo ကိုပြန် clone လို့ရပါပြီ။
