Github ရဲ့ repository တစ်ခုကို window command prompt (cmd) ကနေ clone လုပ်တဲ့ခါမှာအောက်ပါအတိုင်း error တက်တဲ့အခါမှာဖြေရှင်းရမယ့် နည်းလမ်းတွေရှိပါတယ်။
ပုံပါ error တက်ရတဲ့အကြောင်းကတော့ window credentials manager ထဲမှာ git or github နဲ့ဆိုင်တဲ့ information တွေမှားနေတာကြောင့်ဖြစ်နိုင်ပါတယ်။ အကယ်၍ဒီ error တက်ခဲ့မယ်ဆိုရင် credentials manager ထဲသွားပြီး git နဲ့ဆိုင်တဲ့ information တွေ remove လုပ်ပေးလိုအပ်ပါတယ်။ Step 1 အနေနဲ့ start menu ကိုနှိပ်ပြီးတော့ Credential Manager ထဲကိုဝင်ပါ။
Step 2 အနေနဲ့ Credential Manager ထဲမှာ Window Credentials ထဲကိုဝင်ပါ။
Step 3 အနေနဲ့ generic credentials အောက်က git:github.com ဆိုတာကိုနှိပ်ပြီး remove လုပ်လိုက်ပါ။ သို့ပေမယ့် ဒီနေရာမှာ git နဲ့ဆိုင်တာနှစ်ခုရှိနေတာကိုတွေ့ရမှာပါ။ ကျွန်တော့်အနေနဲ့ bitbucket ကိုမသုံးပဲ github ကိုသုံးထားတဲ့အတွက် github နဲ့ဆိုင်တာကိုပဲ remove လုပ်လိုက်ပါမယ်။ ဒါဆိုရင်တော့ ကျွန်တော်တို့ clone လုပ်လိုတဲ့ repo ကိုပြန် clone လို့ရပါပြီ။